:::

ဒိတ်လွန်ဆေးဝါးများ၏ SOP

Label
Location
Hit : 69
Date : 2018/4/27
Updated : 2018/4/27 下午 03:51:00

၁။ ဒိတ်လွန်ဆေးဝါးများကို(သာမန်ဆေးဝါး) ပြည်သူများ
လုပ်ဆောင်နိုင်သော အဆင့်များ။ ။

(၁) ဆေးရည်ကို ဇစ်ပါအိတ်ထဲသို့ သွန်ပါ။

(၂) ဆေးပုလင်းကို ရေဖြင့်ဆေးကြောပါ။ ပုလင်းဆေး
သောရေကိုလည်း ဇစ်ပါအိတ်ထဲသို့ သွန်ပါ။

(၃) ဆေးဝါးကို သတ္တုအိတ်၊ ဆေးအိတ်အစရှိသော
အိတ်များမှ ထုတ်လိုက်ပါ။

(၄) ဆေးလုံးများကို ဇစ်ပါအိတ်ထဲသို့ သွန်ပါ။

(၅) စိမ်ပြီးသောလက္ဘက်ဖတ်၊ ကော်ဖီဖတ် (သို့) အသုံးပြု
ပြီးသောလက်သုတ်စက္ကူများကို ဆေးရည်၊ ဆေးဝါးများ
နှင့်အတူ ရောလိုက်ပါ။

(၆) ဇစ်ကို အလုံပိတ်ပြီး သာမန်အမှိုက်ပုံးထဲသို့ ပစ်ပါ။
(ပြည်တွင်းတွင် အမှိုက်များကို အများအားဖြင့် မီးရှို့သည့်
နည်းဖြင့် ချေဖျက်သောကြောင့် ဆေးဝါးများ စွန့်လွှတ်
ခြင်းဆိုင်ရာ နိယာမနှင့် ကိုက်ညီသည်။)

(၇) သန့်ရှင်းသောဆေးအိတ်နှင့် ဆေးပုလင်းများကို အ
မျိုးအစားအလိုက် ခွဲခြားပြီး ပြန်လည်သုံးစွဲနိုင်ရန် သိမ်း
ဆည်းပါ။

၂။ ဒိတ်လွန်သွားသောကင်ဆာရောဂါဆေးများဆိုပါက
ဆေးပေးသောဆေးရုံသို့ ပြန်ယူသွားပြီး သိမ်းပါ။

Was this information helpful? Yes    No